ကျောင်းဆောင်ပုဒ်
18 June 2023
Genius International School ရဲ့ ကျောင်းဆောင်ပုဒ်မှာ ပညာရည်ပြည့်ဝပြီး ဘက်စုံထူးချွန်ကာ ဖန်တီးမှုအား ကောင်းသော ကလေးများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ဘဝ ပညာရေးလမ်းခင်းအစမှာ အရေးပါဆုံးဖြစ်တဲ့ စနစ်တကျ သင်ကြားပြသပေးမယ့်ဆရာ၊ ဆရာမများနှင့် အတူ Genius International School ကိုဖွဲ့စည်းတည်ထောင်ထားပါသည်။
ဆရာဆရာမများကို ခန့်အပ်ရာမှာလည်း –
- သင်ရိုးညွှန်းတမ်းများအား တတ်ကျွမ်းနားလည်စွာသင်ကြားပြသနိုင်ရုံသာမက
- ခေတ်နဲ့အညီပြောင်းလဲလာသော နည်းစနစ်များကို မျက်ခြေမပြတ်လေ့လာကာ ပြန်လည်သင်ကြားပြသနိုင်မှုများ အပြင်
- ကလေး များအပေါ်စိတ်ရှည်၊ သည်းခံမှုတို့နှင့်အတူ
- ဆရာ၊ ဆရာမများသင်ကြားမှုစွမ်းရည် စဉ်ဆက်မပြတ်တိုးတက်နေဖို့အတွက်Teacher Training Department
- နှစ်တစ်နှစ်ကုန်ဆုံးတိုင်းမှာလည်း ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များအား ပိုမိုကောင်းမွန်လာစေရန် အတွက် Review ပေးခြင်း၊ လိုအပ်ချက်များအတွက်လဲ Training ပြန်လည်သင်ကြားပေးခြင်း သာမက
- Founder, Childhood Educator ဦးသူရကျော်၏ နှစ်၂၀ ကျော်အတွေ့အကြုံပေါ်မှာ အခြေခံသော သင်ကြားမှု နည်းစနစ်များကိုလည်း စနစ်တကျပြန်လည် မျှဝေပေးလျက်ရှိပါသည်။ သားသမီးတို့ အတွက် IQ / EQ မြင့်မားတိုးတက်စေဖို့ သာမက ဘက်စုံထူးချွန်တိုးတက်ဖို့အတွက်မှာလည်း Genius International School ၏ အဓိကရည်မှန်းချက်တခု ဖြစ်ပါတယ်။
ဒါ့ကြောင့် ဖေဖေ၊ မေမေ တို့နှင့်အတူ သားသား၊ မီးမီး တို့အတွက် သာလွန်ကောင်းမွန်သော အနာဂတ်များ တည်ဆောက်နိုင်ရန်အတွက် Genius International School မှ အစဥ်အမြဲ ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါတယ်။
Genius International School ကျောင်း၏ အတန်းများနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့
CAMPUS လိပ်စာလေးကတော့
အမှတ် ၂၈ (A/B)၊ ဝေဇယန္တာလမ်း၊ သင်္ကန်းကျွန်းမြို့နယ် ရန်ကုန်မြို့ နှင့် ဖုန်းနံပါတ် – 09-408479966 / 09-408477747 သို့ဆက်သွယ်နိုင်သလို
Genius International School Facebook Page ချက်ဘောက်သို့လည်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။




