Grand Opening
18 June 2023
မေလ ၃ ရက် ၂၀၂၃ ခုနှစ်ဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့ပဲဖြစ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာဆိုရင်-
ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာဆိုရင်-
- ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ခံယူခဲ့သောနေ့
- ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူသောနေ့
- ဂေါတမဘုရားအလောင်းတော်ဟာ သဗ္ဗညုတဉာဏ်တော်ကိုရရှိသောနေ့
- အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့
ဒီလို ထူးခြားချက် (၄) ချက်နဲ့ပြည့်စုံသော ကဆုန်လပြည့်နေ့ကိုအစွဲပြု၍ ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်လေ့ရှိကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ Genius International School မှ ကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များအားလုံး ကျန်းမာရွှင်လန်းကာ ကောင်းမှုကုသိုလ်များလည်း ပြုလုပ်နိုင်ကြပါစေကြောင်း တောင်းဆုမေတ္တာပို့သလိုက်ရပါတယ်။